Window Film. PPF. Coating
အစရှိသော ၀န်ဆောင်မှုများနှင့် သက်ဆိုင်သော ဆောင်ရန်/ရှောင်ရန်/အာမခံ အချက်အလက်များ၊ ဆိုင်တွင်ကားအပ်နှံခဲ့ခြင်းနှင့်သက်ဆိုင်သော သဘောတူညီမှုတို့အား သေချာစွာဖတ်ရှု့ပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။
Window Film. ppf. coating
Warranty. Care. Parking Agreement
Window Film Care
၁-၁။ မှန်ဖလင်အတွက် သတိပြုရန်အချက်အလက်များ
၁။ မှန်ဖလင်ကပ်ပီးရက်မှ (၅) ရက်အတွင်း မှန်အတင်အချ မပြုလုပ်ရန်နှင့် ရှေ့မှန်ကြီးအား အဲကွန်းလေမပို့ရန် ရှောင်ရပါမည်။
၂။ မှန်ဖလင်ကပ်ပီး ရေဖုလေးများ/ရေငွေများကျန်နေနိုင်ပီး ရက်အနည်းငယ်အတွင်းပျောက်ကွယ်သွားမည် ဖြစ်ပါသည်။
၃။ ကားမှန်ဖလင်သည်ကပ်ပီးရက်မှ အပြည့်အ၀တွဲကပ်ရန် ရာသီဥတုအခြေအနေ၊ ဖလင်အမျိုးအစား၊ အဲကွန်း အသုံးပြုပုံ စသည်တို့ပေါ် မူတည်ပြီး အများဆုံး ရက်ပေါင်း (၆၀) ထိ ကြာတတ်ပါသည်။
Window Film Warranty
၁-၂။ မှန်ဖလင်အတွက် အာမခံနှင့်သက်ဆိုင်သောအချက်များ
၁။ မှန်ဖလင်အတွက် အာမခံများမှာ အရောင်လွင့်သွားခြင်း၊ ပူပေါင်းထခြင်း၊ တွန့်ခေါက်ရာများဖြစ်ခြင်း၊ အလွာ များကွာကျခြင်း တို့ဖြစ်သည်။
၂။ သုံးစွဲသူ၏မော်တော်ယာဥ် အသုံးပြုပုံ၊ ထားသိုပုံ နှင့် ပတ်၀န်းကျင်ရာသီဥတုအခြေအနေများသည် အပိုဒ် (၁) ပါ အာမခံချက်များအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါသဖြင့် မလျော်မကန်အသုံးပြု ထားသိုခြင်းတို့ကြောင့်ဖြစ်ပေါ် သောအကျိုးဆက်များသည် အာမခံနှင့်သက်ဆိုင်မှုမရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
၃။ တပ်ဆင်ရေးပိုင်းတွင် ဖုန်မှုန်အနည်းငယ်ပါနိုင်သည်ဖြစ်ပီး အဆိုပါအချက်သည် မှန်ဖလင်၏လုပ်ဆောင်ချက်များ အား မည်သို့မျှအနှောက်အယှက်မဖြစ်သောကြောင့် မှန်တချပ်ခြင်းအလိုက် ဖုန်မှုန်ပါ၀င်မှုသည် (၃) လက္မပတ်လည်အ တွင်းရှိပါက အာမခံမှုနှင့်သက်ဆိုင်မှုမရှိပါ။
PPF Care
၂-၁။ ဘော်ဒီဖလင်အတွက် သတိပြုရန်အချက်အလက်များ
၁။ ဘော်ဒီဖလင်ကပ်ပြီး (၇) ရက်အတွင်းကားရေဆေးခြင်းမပြုလုပ်ရန်။
၂။ ရေခိုးရေငွေများနှင့် ရေပူပေါင်းလေးများကျန်နိုင်ပြီး ရက်အနည်းငယ်အတွင်းပျောက်ကွယ်သွားမည်ဖြစ်ပါသည်။
၃။ ဘော်ဒီဖလင်ကပ်ပီး (၇) ရက်မှ (၁၀) ရက်အတွင်း ပြန်လည်စစ်ဆေးရန်လာရောက်ပီးလိုအပ် ချက်များရှိလျင်ပြု လုပ်ပါရန်။
PPF Warranty
၂-၂။ ဘော်ဒီဖလင်အတွက် အာမခံနှင့်သက်ဆိုင်သောအချက်များ
၁။ ဘော်ဒီဖလင်အတွက်အာမခံမှာ ပူပေါင်းထခြင်း၊ အက်ကွဲကြောင်းများဖြစ်ပေါ်ခြင်း၊ အလွာများကွာကျ ခြင်း တို့ဖြစ်သည်။
"(* ဘော်ဒီဖလင်များသည် plastic polymer base material များဖြင့်ပြုလုပ်ထားခြင်းဖြစ်ပါသဖြင့် နေရောင်နှင့်ကာလ ကြာမြင့်စွာထိတွေ့လျင် အရောင်(အ၀ါ) ပြောင်းလဲခြင်းသည် ဖြစ်ရိုးဖြစ်စဥ်တခုဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘော်ဒီဖလင် အရောင်ပြောင်းလဲခြင်းသည် အာမခံမှုနှင့်လုံး၀ (လုံး၀) အကြုံး၀င်မှုမရှိကြောင်းကို ကြိုတင်အသိပေးအပ်ပါသည်။*)
၂။ အာမခံတွင် ကား၏အော်ရီဂျင်နယ်ဆေးသားရှိနေသောအစိတ်အပိုင်းများတွင်ဖလင်တပ်ဆင်ထားခြင်းအတွက် သာဖြစ်ပီး ကား၏ဆေးသားကို အာမခံပေးခြင်း လုံး၀ (လုံး၀) မဟုတ်ပါ။
၃။ ထိခိုက်ပွန်းပဲ့မှုများ၊ သုံးစွဲသူ အသုံးပြုပုံနှင့်ထိမ်းသိမ်းစောင့်ရှောက်မှုအားနည်းချက်များကြောင့်ဖြစ်နိုင်သောကိစ္စ ရပ်များသည် အာမခံ နှင့်အကြုံး၀င်မှုမရှိပါ။ အဆိုပါကိစ္စရပ်များတွင် ပုံမှန်ရေဆေးထိမ်းသိမ်းမှု မရှိခြင်းကြောင့်ဖြစ် တတ်သော ရေဂျိုးကွက်များဖြစ်ခြင်း၊ အ၀ါ/အညို အကွက်များဖြစ်ခြင်း၊ ရေညှိများစွဲကပ်ခြင်း၊ ငှက်ချေးနှင့်သစ် စေးများစွဲကပ်ခြင်းတို့အပြင် အခြားသောပတ်၀န်းကျင်ရာသီဥတုအခြေအနေများကြောင့် ပုံမှန်မဟုတ်သောပျက်စီး မှုများပါ၀င်သည်။
၄။ ထိခိုက်ပွန်းပဲ့မှုများမှလွဲ၍ အခြားသောကိစ္စရပ်များသည် ကား၏ရုပ်ထွက်အခြေအနေ အနေပေါ်တွင်သာသက် ရောက်မှုရှိပြီး ဘော်ဒီဖလင်၏မူလရည်ရွယ်ချက်ဖြစ်သော ဘော်ဒီဆေးသားအားကာကွယ်ပေးခြင်းအားမည်သို့မှထိ ခိုက်မှုမရှိပါ။ အဆိုပါကိစ္စများအား အခြေအနေပေါ်မူတည်ပြီး လျော့ပါးအောင်၊ ပပျောက်အောင် ဆောင်ရွက်နိုင် သည်။
၅။ ထိမ်းသိမ်းမှုအားနည်းချက်ကြောင့်ဖြစ်သော PPF မှိုတက်ခြင်းသည် အာမခံနှင့်အကြုံး၀င်ခြင်းမရှိပါ။
PPF Mold (Warranty Void)
မှိုဘာကြောင့်တတ်တာလဲ
ပူနွေးစိုစွတ်မှု + ဖုန်မှုန် + လေ၀င်ထွက်မရှိခြင်း တို့သည် မှိုရှင်သန်ပေါက်ဖွားရန် လိုအပ်သော အခြေခံအကြောင်းအရာများဖြစ်ကြသည်။
ပတ်၀န်ကျင်အခြေအနေ
မြန်မာနိုင်ငံသည် ပူနွေးသောရာသီဥတုရှိခြင်း၊ လေထုစိုထိုင်းစများသောထိပ်ဆုံး ၁၀ နိုင်ငံတွင်ပါ၀င်ခြင်းနှင့် ဖုန်မှုန်ထူထပ်သော ပတ်၀န်ကျင်အခြေအနေမျိုးရှိသည်။
အထောက်အပံ့
အထက်ပါအခြေခံအကြောင်းတရားများရှိနှင့်ပြီးသောပတ်၀န်းကျင်တွင် လေ၀င်ထွက်မရှိသောအလုံပိတ်ကားခြုံစောင်ဖြင့် PPF ကပ်ထားသောကားအား ခြုံထားခြင်း၊ လေ၀င်ထွက်မကောင်းသောပတ်၀န်းကျင်တွင် အချိန်ကြာထားသိုခြင်းတို့သည် မှိုပေါက်ဖွားရန် အကောင်းဆုံးအခြေအနေကို ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။
ဘယ်လောက်ကြာရင်မှိုပေါက်လဲ
အထက်ပါ မှိုပေါက်ဖွားရန် အခြေခံအချက်များပြည့်စုံလျင် ၂၄ နာရီအတွင်းမှိုစတင်ပေါက်ဖွားပြီး အချိန် ၃ ရက်မှ ၅ ရက်အတွင်း အလွယ်တကူမြင်တွေ့နိုင်မည်ဖြစ်သည်။ အရောင်နုကားများသည် အရောင်ရင့်ကားများထက်ပိုမိုထင်ရှားမြင်တွေ့နိုင်မည်ဖြစ်သည်။
ဘယ်လိုကာကွယ်မလဲ
ကားအားမဖြစ်မနေဖုံးအုပ်ထားရန်လိုအပ်လျင် လေ၀င်ထွက်ရှိသော ကားခြုံစောင်အမျိုးအစားအားသုံးပါ (မလိုအပ်လျင်မအုပ်ပါနှင့်)။
ကားတွင်ရေစိုဓါတ်ရှိနေလျင် ဖုံးအုပ်ထားခြင်းမပြုလုပ်ပါနှင့် (လိုအပ်လျင်ခြောက်သွ့အောင်အလျင်လုပ်ပြီးမှအုပ်ပါ)။
ကားအားလေ၀င်ထွက်ကောင်းမွန်သောနေရာတွင်ထားသိုပါ။- ပြင်းအားမြင့် Water Pressure ဖြင့်ရေထိုးဆေးခြင်းအားရှောင်ကျဥ်ပါ။
ကားအား မိမိကိုယ်တိုင် (သို့) သက်ဆိုင်ရာ၀န်ဆောင်မှုပေးသူထံတွင် ပုံမှန်ထိမ်းသိမ်းမှုပြုလုပ်ပါ။
ပုံမှန်မဟုတ်သောအခြေအနေမျိုးတွေ့ရှိပါက အချိန်မဆိုင်းဘဲ သက်ဆိုင်ရာ၀န်ဆောင်မှုပေးသူ (သို့) တတ်သိကျွမ်းကျင်သူအားတိုင်ပင်ဆွေးနွေးပြီး လိုအပ်သည်များဆောင်ရွက်ပါ။
---
PPF မှိုတက်ခြင်းသည် အာမခံနှင့်အကြုံးမ၀င်ပါ။
Ceramic coating dos and don'ts
၃-၁။ Ceramic Coating တင်ပြီး ဆောင်ရန် / ရှောင်ရန် အချက်များ
၁။ IGL Coatings တင်ထားသော မော်တော်ယာဥ်အား Glaze နှင့် Wax ဖယောင်းတင်ခြင်း လုံး၀မပြုလုပ်ရပါ။
၂။ Coating ဆေးသားများ အသားသေစေရန်အတွက် ၄ နာရီခန့် Coating ခန်းထဲတွင် အခြောက်ခံရပါမည်။ ရေလုံး ၀ထိ၍မရပါ။
၃။ coating တင်ပြီး (၅) ရက်အတွင်းကားရေဆေး၍မရပါ။ ထိုကာလအတွင်းကား၏ မျက်နှာပြင်အားဆပ်ပြာကြမ်း နှင့် Caustic ဆော်ဒါပါ၀င်သောဆေးရည်များ လုံး၀ သုံးပြု၍မရပါ။
၄။ ရေဆေးရန်လိုအပ်ပါက ဆပ်ပြာမသုံးဘဲ ရေဖြင့်သာဆေးကြောပြီး မိုက်ခရိုဖိုက်ဘာအ၀တ်သန့်ဖြင့်အခြောက် သုတ်ပေးရပါမည်။
၅။ လိုအပ်ပါက Igl ecocoat premier (ceramic spray sealant) တင်ပြီး ဆေးအသားသေချိန်ကာလအတွင်း ရေဂျိုး များဖြစ်ပေါ်ခြင်းကိုကာကွယ်နိုင်ပါသည်။
Ceramic coating care
၃-၂။ Ceramic Coating တင်ပြီး ကားရေဆေးခြင်းနှင့် ထိန်းသိမ်းခြင်း
၁။ IGL Coatings တင်ထားသောကားများအား ဆပ်ပြာကြမ်းနှင့်အခြားသော caustic ဆော်ဒါပါ၀င်သောဆေးရည် များဖြင့်ဆေးခြင်းလုံး၀မပြုလုပ်ရပါ။ igl ecoclean wash နှင့် ecoclean blizzard အစရှိသော ph neutral ဖြစ်သော ကားရေဆေးဆပ်ပြာဖြင့်သာရေဆေးသင့်ပါသည်။
၂။ IGL Coatings တင်ထားသော်လည်း (၂) ပတ်တစ်ကြိမ် (သို့မဟုတ်) ညစ်ပေတိုင်းကားရေဆေးသင့်ပါသည်။
၃။ ငှက်ချေးနှင့်သစ်စေးများ ကားပေါ်ကျလာပါကချက်ချင်းရေဆေးချပါ။
၄။ ကားရေဆေးရာတွင် 2 bucket wash method (ဆပ်ပြာပုံးသီးသန့်အသုံးပြုခြင်း၊ ရေပုံးသီးသန့်အသုံးပြုခြင်း) နှင့် snow foam အသုံးပြုခြင်းဖြင့်ရေဆေးသင့်ပါသည်။
၅။ ကားရေဆေးရာတွင်ဖော့တုန်းများနှင့်အ၀တ်စများသည်အစင်းရာများဖြစ်ပေါ်စေသောကြောင့်မိုက်ခရိုဖိုက်ဘာ အ၀တ်သန့်ဖြင့်သာဆေးကြောသင့်ပါသည်။
၆။ IGL Coatings တင်ထားသောမော်တော်ယာဥ်အား ဆပ်ပြာကြမ်း၊ အက်ဆစ်နှင့်အ၀တ်စုတ်အသုံးပြုသော ရေဆေး ခုံများတွင်ရေဆေးခြင်းမပြုလုပ်ရ။ ၄င်းပစ္စည်းများသည် IGL Coatings များအားဆိုး၀ါးစွာထိခိုက်ပျက်စီးစေသည်။
၇။ IGL Coatings ထင်ထားသောမော်တော်ယာဥ်အား စက်ပေါလစ်တိုက်ခြင်း၊ လက်ပေါလစ်တိုက်ခြင်း၊ wax ဖယောင်းတင်ခြင်း လုံး၀မပြုလုပ်ရပါ။ လိုအပ်ပါက igl ecoshine enhancer နှင့် igl ecocoat premier တင်ခြင်းဖြင့် coatings အားပြန်လည်သစ်လွင်တောက်ပစေပါသည်။
Ceramic coating maintain
၃-၃။ Ceramic Coating Maintenance နှင့်သက်ဆိုင်သောအချက်များ
၁။ Coating ပြုလုပ်ထားသောကားများသည် အသုံးခံသည့်သက်တမ်းပြည့်ပြည့်၀၀ အသုံးခံနိုင်ရန်အတွက် ပုံမှန် ပြုပြင်ထိမ်းသိမ်းမှုများပြုလုပ်ရန် မဖြစ်မနေလိုအပ်ပါသည်။
၂။ ပုံမှန်ပြုပြင်ထိမ်းသိမ်းမှုအားနည်းချက်များကြောင့်ဖြစ်ပေါ်လာသောနောက်ဆက်တွဲကိစ္စရပ်များအတွက် သုံးစွဲသူတွင်သာတာ၀န်အပြည့်အ၀ရှိပါသည်။
၃။ ပုံမှန်ပြုပြင်ထိမ်းသိမ်းခြင်းလုပ်ငန်းစဥ်တွင် ပါ၀င်သောအချက်များမှာ ကား၏အပြင်ပိုင်းအားရေဆေးခြင်း၊ မျက်နှာပြင်တွင်ကပ်တွယ်နေသော အညစ်အကြေးများ ကတ္တရာများ ဖယ်ရှားခြင်း၊ coating မျက်နှာပြင်အား စစ်ဆေးခြင်း၊ UV Protection နှင့် Hydrophobic Effect အားကောင်းစေရန် သတ်မှတ်ထားသော ဆေးရည်အသုံးပြု ခြင်းတို့ဖြစ်ပါသည်။
၄။ သုံးစွဲသူကြောင့်ဖြစ်ပေါ်သော ကိစ္စရပ်များဖြစ်သည့် အစင်းကြောင်းများဖြစ်ခြင်း၊ ငှက်ချေးကွက် သစ်စေး ကွက်များဖြစ်ခြင်း၊ ရေခြောက်ကွက်များဖြစ်ခြင်း နှင့် အခြားသော coating မျက်နှာပြင်ကိုပျက်စီးစေနိုင် သော Ceramic Coating တင်ပြီး ကားရေဆေးခြင်းနှင့် ထိန်းသိမ်းခြင်းတွင်ဖော်ပြထားသောအချက်များကြောင့်ဖြစ် သောပျက်စီးမှုများသည် ပုံမှန်ပြုပြင်ထိမ်းသိမ်းခြင်းလုပ်ငန်းစဥ်တွင်ပါ၀င်ခြင်းမရှိပါ။
၅။ အမှတ်စဥ် ၄ ပါအချက်များအားပြုပြင်ပြီး မူလအသစ်အခြေအနေအတိုင်းပြုလုပ်လိုပါက လုပ်ဆောင်ရမည့် အတိုင်းအတာအလိုက် ကုန်ကျငွေကျသင့်မည်ဖြစ်ပါကြောင်းကြိုတင်အသိပေးအပ်ပါသည်။
Overnight car parking agreement
ညအိပ်အပ်နှံထားသောကားများသိရှိသဘောတူရန်
Date. Vr No. Car No. Car Model.
၁ -မိတ်ဆွေ၏ကားအားလိုအပ်သော၀န်ဆောင်မှုများပေးရန် (အလုပ်ချိန် ၈ နာရီထက်ပိုသော) အတွက် US AUTO မှ ညအိပ်ကားအဖြစ်လက်ခံထားရှိခြင်းဖြစ်ပါသည်။
၂ -ကားအားစတင်လက်ခံချိန်တွင် ကားပိုင်ရှင် (သို့) ကားလာရောက်အပ်နှံသူနှင့်အတူ ကား၏မျက်မြင်အခြေအနေ များအားစစ်ဆေးပြီး ကားလက်ခံစာရွက်ပေါ်တွင်မှတ်ချက်များရေးမှတ်ထားခြင်းဆောင်ရွက်ပါမည်။
၃ -ကားစစ်ဆေးမှုသည် မျက်စိဖြင့်အလွယ်တကူမြင်နိုင်သော(ကားဘော်ဒီ၊ ဆေးသား၊မှန်များ စသဖြင့်)အရာများအား အဓိကထား စစ်ဆေးခြင်းဖြစ်ပြီး ကားတစီးလုံး၏ လုပ်ဆောင်ချက်များ၊ အားနည်းချက်များ၊ မျက်စိဖြင့်မမြင်နိုင် သောချို့ယွင်းချက်များ အားစစ်ဆေးခြင်းမဟုတ်ပါ။
၄ -မိတ်ဆွေ၏ကားတွင်ပုံမှန်မဟုတ်သော အခြေအနေများရှိသည်ကို ကြိုတင်သိရှိပါက အသိပေးထားရန် ပန်ကြား အပ်ပါသည်။
၅ -ကားလက်ခံစာရွက်တွင်မှတ်ချက်မရေးထားသောအရာများ အားလုံးကောင်းပါသည်ဟု ယူဆပြီး ကားကိုလက် ခံထားခြင်းမဟုတ်ကြောင်းအထူး (အထူး) အသိပေးလိုပါသည်။
၆ -ကြိုတင်မသိရှိထားသော/အသိမပေးထားသော အားနည်းချက်၊ ချို့ယွင်းချက်များရှိပါကလုပ်ငန်းလက်ခံဆောင် ရွက်သူနှင့်မည်သို့မျှသက်ဆိုင်မှုမရှိကြောင်းကြိုတင် အသိပေးအပ်ပါသည်။
၇-လုပ်ငန်းဆောင်ရွက်နေစဥ်ကာလအတွင်းကား၏နဂိုမူလအားနည်းချက်/ချို့ယွင်းချက်များထွက်ပေါ်လာပါကအရေးပါမှုအတိုင်းအတာအလိုက်ကားပိုင်ရှင်အားလိုအပ်သလို အကြောင်းကြားအသိပေးခြင်းပြုလုပ်ပေးမည်ဖြစ်ပါသည်။
၈ -အဆင်မပြေမှုတစုံတခုဖြစ်ပေါ်လာပါက အောက်ပါအတိိုင်းဖြေရှင်းပေးမည်ဖြစ်ပါသည်။
၈/၁- ဘာကြောင့်ဖြစ်သည်ကိုအလျင်စုံစမ်းစစ်ဆေးပါမည်။ (လိုအပ်လျင်ပြင်ပကျွမ်းကျင်သူကိုစစ်ဆေးခိုင်းပါမည်)
၈/၂- ချို့ယွင်းချက်ဖြစ်ပေါ်ခြင်းသည် US AUTO ၏လုပ်ဆောင်မှုအားနည်းချက်ကြောင့်ဖြစ်ကြောင်းအကျိုးအ ကြောင်းအထောက်အထားခိုင်မာပါက US AUTO မှအပြည့်အ၀တာ၀န်ယူပါမည်။
၈/၃- ချို့ယွင်းချက်သည်အခြားအကြောင်းတရားများ (ဥပမာ မူလချို့ယွင်းမှု၊ ချို့ယွင်းချက်အားယာယီပြုပြင်ထား ခြင်း) ကြောင့်ဖြစ်ပါကကားပိုင်ရှင်မှသာအပြည့် အ၀တာ၀န်ယူရပါမည်။
၈/၄- ချို့ယွင်းချက်ဖြစ်ပေါ်စေသည့်အကြောင်းသည်တိကျသောအဖြေမထွက်ရှိပါက ကားပိုင်ရှင်နှင့် US AUTO တို့ညှိနှိုင်းပြီး ပူးတွဲတာ၀န်ယူရပါမည်။
၉ -ကြိုတင်မမျော်လင့်နိင်သော သဘာ၀ဘေး၊ ရန်သူမျိုး (၅) ပါဘေးတို့ကြောင့်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျင် အာမခံထားရှိသောကားများအတွက် ထားရှိသောကားအာမခံလုပ်ငန်း/ အာမခံမထားရှိသောကားများအတွက် ကားပိုင် ရှင်မှသာ တာ၀န်ယူရမည်ဖြစ်ပါသည်။
၁၀ -မိတ်ဆွေ၏ကားအားလိုအပ်သော၀န်ဆောင်မှုများပေးရန်အတွက်သာ လက်ခံထားခြင်းဖြစ်ပြီး ကား၏မူလရှိထား သော ချို့ယွင်းချက်၊ အားနည်းချက်များအားစစ်ဆေးပေးရန် လက်ခံထားခြင်း မဟုတ်သလို လက်ခံထားစဥ် ကာလအ တွင်းလဲ မိတ်ဆွေ၏ကားကို သိလျက်ဖြစ်စေ/မသိဘဲဖြစ်စေ ဖျက်လိုဖျက်စီးလုပ်ရန်အတွက်လည်း လက်ခံထားခြင်းမ ဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်းသိစေအပ်ပါသည်။
"ဖော်ပြပါအချက်လက်များအားဖတ်ရှုနားလည်လက်ခံသဖြင့် တဖက်စာမျက်နှာပါကားစစ်ဆေးချက်များအားကိုယ် တိုင်အတူတကွစစ်ဆေးပြီး ကားအားလိုအပ်သော၀န်ဆောင်မှုရယူရန်အတွက် အပ်နှံထားရှိခဲ့ပါသည်"
အပ်နှံသူ အမည်
လက်မှတ်
ဖုန်းနံပါတ်
ကားအားမျက်မြင်စစ်ဆေးချက်များ
X = ထိခိုက်/ပျက်စီး/ကျိုးပဲ့/ဆေးသားပွန်းပဲ့/ဖောင်းကြွ/ . O = မူလအခြေအနေမဟုတ်/ပုံမှန်မဟုတ်
မှတ်ချက်များရေးရန်
ကားအားပြန်လည်လက်ခံရယူခြင်း
US AUTO တွင်အပ်နှံခဲ့သောကားသည်လိုအပ်သော၀န်ဆောင်မှုများဆောင်ရွက်ပြီးစီးပါသဖြင့် ( ) ရက်နေ့တွင် ပြန်လည်အပ်နှံသည်ကို မျက်မြင်စစ်ဆေးပြီး ပြန်လည်လက်ခံရယူပါသည်။ ကားပြန်လည်လက်ခံချိန် တွင်အပ်နှံခဲ့စဥ်ကအခြအနေများနှင့်တိုက်ဆိုင်စစ်ဆေးပြီး သေချာစွာစစ်ဆေးလက်ခံရရှိပါသည်။ ကားပြန်လည် လက်ခံချိန်တွင် ကားအပ်ခဲ့စဥ်ကအခြေအနေများနှင့်ကွဲလွဲမှု ရှိပါကကားအားယူဆောင်မသွားမီချက်ချင်းပြောကြား ပေးရန်နှင့် ကားအားယူဆောင်သွားပြီးမှဖြစ်ပေါ်သော/တွေ့ရှိသော (US AUTO မှ၀န်ဆောင်မှုပေးထားသောလုပ်ငန်း များနှင့်သက်ဆိုင်မှုမရှိသော) အချက်များသည် ကားအားပြန်လည်စစ်ဆေးလက်ခံသူတွင်သာတာ၀န်ရှိသည်ကို လက် ခံသဘောတူပါသည်။
လက်ခံသူ အမည်
လက်မှတ်
ဖုန်းနံပါတ်