PPF မှိုတက်ခြင်း

PPF မှိုတက်ခြင်း

‼️ မှိုဘာကြောင့်တတ်တာလဲ
- ပူနွေးစိုစွတ်မှု + ဖုန်မှုန် + လေ၀င်ထွက်မရှိခြင်း တို့သည် မှိုရှင်သန်ပေါက်ဖွားရန် လိုအပ်သော အခြေခံအကြောင်းအရာများဖြစ်ကြသည်။
‼️ ပတ်၀န်ကျင်အခြေအနေ
- မြန်မာနိုင်ငံသည် ပူနွေးသောရာသီဥတုရှိခြင်း၊ လေထုစိုထိုင်းစများသောထိပ်ဆုံး ၁၀ နိုင်ငံတွင်ပါ၀င်ခြင်းနှင့် ဖုန်မှုန်ထူထပ်သော ပတ်၀န်ကျင်အခြေအနေမျိုးရှိသည်။
‼️ အထောက်အပံ့
- အထက်ပါအခြေခံအကြောင်းတရားများရှိနှင့်ပြီးသောပတ်၀န်းကျင်တွင် လေ၀င်ထွက်မရှိသောအလုံပိတ်ကားခြုံစောင်ဖြင့် PPF ကပ်ထားသောကားအား ခြုံထားခြင်း၊ လေ၀င်ထွက်မကောင်းသောပတ်၀န်းကျင်တွင် အချိန်ကြာထားသိုခြင်းတို့သည် မှိုပေါက်ဖွားရန် အကောင်းဆုံးအခြေအနေကို ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။
‼️ ဘယ်လောက်ကြာရင်မှိုပေါက်လဲ
- အထက်ပါ မှိုပေါက်ဖွားရန် အခြေခံအချက်များပြည့်စုံလျင် ၂၄ နာရီအတွင်းမှိုစတင်ပေါက်ဖွားပြီး အချိန် ၃ ရက်မှ ၅ ရက်အတွင်း အလွယ်တကူမြင်တွေ့နိုင်မည်ဖြစ်သည်။ အရောင်နုကားများသည် အရောင်ရင့်ကားများထက်ပိုမိုထင်ရှားမြင်တွေ့နိုင်မည်ဖြစ်သည်။
✅ ဘယ်လိုကာကွယ်မလဲ
- ကားအားမဖြစ်မနေဖုံးအုပ်ထားရန်လိုအပ်လျင် လေ၀င်ထွက်ရှိသော ကားခြုံစောင်အမျိုးအစားအားသုံးပါ (မလိုအပ်လျင်မအုပ်ပါနှင့်)။
- ကားတွင်ရေစိုဓါတ်ရှိနေလျင် ဖုံးအုပ်ထားခြင်းမပြုလုပ်ပါနှင့် (လိုအပ်လျင်ခြောက်သွ့အောင်အလျင်လုပ်ပြီးမှအုပ်ပါ)။
- ကားအားလေ၀င်ထွက်ကောင်းမွန်သောနေရာတွင်ထားသိုပါ။
- ပြင်းအားမြင့် Water Pressure ဖြင့်ရေထိုးဆေးခြင်းအားရှောင်ကျဥ်ပါ။
- ကားအား မိမိကိုယ်တိုင် (သို့) သက်ဆိုင်ရာ၀န်ဆောင်မှုပေးသူထံတွင် ပုံမှန်ထိမ်းသိမ်းမှုပြုလုပ်ပါ။
- ပုံမှန်မဟုတ်သောအခြေအနေမျိုးတွေ့ရှိပါက အချိန်မဆိုင်းဘဲ သက်ဆိုင်ရာ၀န်ဆောင်မှုပေးသူ (သို့) တတ်သိကျွမ်းကျင်သူအားတိုင်ပင်ဆွေးနွေးပြီး လိုအပ်သည်များဆောင်ရွက်ပါ။
---
သတိပြုထိမ်းသိမ်းနိုင်ကြပါရန်...
Back to blog