PPF ကပ်မယ်ဆိုရင် ဘာတွေသတိထားသင့်လဲ ?

Brand New ကားအသစ်တွေ များလာတဲ့အပေါ်မှာ ကားပိုင်ရှင်တွေ တန်ဖိုးကြီးကားရဲ့ ဆေးသား မပျက်စီးချင်လို့ PPF ကပ်ပြီး ထိန်းသိမ်းဖို့ ကြိုးစားကြပါတယ်။
ကျွန်တော့်အနေနဲ့ အသိပေးစရာရှိပါတယ် ကားတွေ ပေါလာသလို ကားနဲ့ ပတ်သက်တဲ့ ပစ္စည်းများကလည်း Quality အမျိုးမျိုးနဲ့ ပြည်ပမှ ဝင်ရောက်လာနေတယ်။
Service ပေးသူဆိုင်များကလည်း မှိုလိုပေါလာပါပြီ။
မိတ်ဆွေအနေနဲ့ PPF ကပ်ရင် ဆေးသားကို အပြည့်အဝ ကာကွယ်ထားနိုင်ပြီလို့ မှတ်ယူမထားစေချင်ပါဘူး…

ဒါဆို ဆိုးကျိုးရော ရှိလား?
ဒီလိုမေးခွန်းအပေါ်မှာ ဖြေရမလွယ်ပါဘူး မိတ်ဆွေရဲ့ စမ်းစစ်နိုင်မှု အပေါ်မှာ မူတည်တယ်လို့ပဲ ပြောပါရစေ။
ဘယ်အရာမဆို အဆိုးနဲ့ အကောင်းဟာ ဒွန်တွဲနေတာပါ။
PPF ဟာ ကပ်တုန်းကတော့ အကောင်းပဲ ပြန်ခွာတဲ့အခါ ဆေးသားပျက်စီးမှုတာတွေ မြင်တွေ့နေရပါတယ်။
(ကြုံနေကြတဲ့ မိတ်ဆွေတွေဆို ကိုယ်တွေ့ပါပဲ)

ဒါဆို ဆိုးကျိုးမကြုံအောင် ဘာတွေ သိထားဖို့လိုလဲ?
-အရည်အသွေးမကောင်းတဲ့ PPF ကို ကပ်မိတဲ့ အခြေအနေ
-ကားရဲ့ Body ဆေးသားမကောင်းတဲ့ အခြေအနေ
-Installtion လုပ်စဉ် နည်းစနစ်မမှန်တဲ့ အခြေအနေ
-နည်းစနစ်မှန်သော်လည်း Service ပေးသူ ကျွမ်းကျင်မှု မရှိတဲ့ အခြေအနေ
-ပြန်ခွာတဲ့အခါမှာလည်း နည်းစနစ်မမှန်မှု စတဲ့အကြောင်းအကြောင်းတွေရှိပါသေးတယ်။

ဒါကြောင့် PPF ကပ်တော့မယ်ဆို သေချာစမ်းစစ်ဆေးပါ..ပါးစပ်ပြောပဲရှိတဲ့ warranty ကို ထည့်မတွေးပါနဲ့။
ဈေးနှုန်းသက်သာတာကို အလေးပေးမစဉ်းစားစေချင်ပါ..Service ဆိုင်ရဲ့ ကျွမ်းကျင်မှုကို ထည့်ပေါင်းတွေးပါ။
ကပ်မယ့် PPF အမျိုးအစားအကြောင်း Google မှာ အရင်လေ့လာပါလို့ အကြံပြုလိုက်ပါတယ် ခင်ဗျာ။
ဒီပို့စ်လေးက ကားကို တန်ဖိုးထားသူတိုင်းအတွက် အကျိုးဖြစ်ပါစေ…

Back to blog