PPF ကပ်ဖို့အတွက် ဘယ်လိုတွေ အဆင့်ဆင့်လုပ်ဆောင်သလဲ ?

– PPF ကပ်ဖို့ဆိုရင်တော့ မိတ်ဆွေရဲ့ကားမှာ ဖုန်မှုန့် သဲမှုန့်များ မကျန်အောင် ရေဂျိုးများ မကျန်စေဖို့ အရင်ဆုံး Wash လုပ်ပေးရပါမယ်။ Car Shampoo နဲ့ အ၀တ်နုများကိုသာ အသုံးပြုပြီး အချိန်(၁)နာရီလောက်ယူ ဆေးကြောသန့်စင်ရတာပါ။
– ကားဘော်ဒီမှာ ကပ်နေတဲ့အရာတွေ၊ ပျောက်ဖို့ခက်တဲ့ အမဲစက်လေးတွေကို Clay Bar နဲ့တိုက်ပြီး ဖျောက်ပေးရပါတယ်။
– တကယ်လို့ ကားဆေးသားမှာ ပြဿနာတစ်စုံတစ်ရာ( ဥပမာ-အစင်းကြောင်းငယ်လေး/ပင့်ကူကွက်လို အကွက်များ)ရှိရင် Compound ထပ်မံတိုက်ပေးရပါတယ်။
– ကားမှာအားလုံးသန့်သွားပြီဆိုရင်တော့ မူရင်း ကားColor အရောင်ပိုတောက်ဖို့ Polish တိုက်ပေးပါရတယ်
– ပြီးရင်တော့ ဆေးသားမျက်နှာပြင်အားလုံးညီသွားအောင် Glaz လုပ်ပါရတယ်။
– ပြီးမှ PPF ကပ်ရတာပါ။ PPFက လက်ရှိထိ အမျိုးအစားအကောင်းဆုံး TPH နဲ့ TPU ဆိုပြီး နှစ်မျိုးရှိပါတယ်။

Back to blog