BLACK BOX ကိုကားတိုင်းမှာဘာကြောင့်တပ်ထားသင့်သလဲ?

-BLACK BOX သည်ကားတိုင်းတွင်တပ်ဆင်ထားသင့်သောပစ္စည်းတစ်ခုဖြစ်ပါတယ်။

-ဘာကြောင့်တပ်ထားသင့်သလဲဆိုတော့ကားတစီကိုရပ်ထားချိန်နဲ့သွားနေချိန်မှာရော မှတ်တမ်းတင်ထားပေးနိုင်သောကြောင့်ဖြစ်သည်။

-ရပ်ထားချိန်မှာပါရိုက်ကူးချင်လျှင် ကား၏ fuse အိမ်မှတစ်ဆင့် battery  သို့တိုက်ရိုက်ချိတ်ဆက်ပေးထားလျှင် ၂၄ နာရီလုံးရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

-ကားစက်နှိူးမှရိူက်ကူးချင်တယ်ဆိုရင်တော့ cigarette lighter နှင့်ချိတ်ဆက်ပေးထားမှ ကားစက်နှိုးလျှင် blackbox  ကစတင်ရိုက်ကူးမှာဖြစ်ပါတယ်။

-BLACK BOX မတပ်ထားသောကားထက် BLACK BOX တပ်ထားသောကား၏အားသာချက်များကိုပြောပြပေးမှာဖြစ်ပါတယ်။

-ပထမအချက်ကတော့ယာဥ်မောင်းကိုအန္တရယ်ကင်းစေပါတယ်။

-ဘာကြောင့်လဲဆိုတော့ယာဥ်အန္တရယ်တစ်ခုခုဖြစ်သောအခါနှင့်အငြင်းပွားရာတစ်စုံတစ်ရာကြုံလာသောအခါ BLACK BOX  တွင်ရိုက်ကူးထားသော VIDEO  သည်သက်သေအနေနှင့်ထားလို့ရပါတယ်။

-BLACK BOX အမျိုးအစားပေါ်မူတည်ပြီးကားမောင်းနေရင်းသင်၏ကားသည်ကားလမ်းကြောင်းမှချော်သွားသောအခါယာဥ်မောင်းသူကိုသတိပေးတာတို့BLACK BOX တွင် GPS ပါတာတို့ သင်၏ဖုန်းထဲကနေတဆင့် LIVE ကြည့်လို့ရတာတို့အရင်ကသွားခဲ့တဲ့လမ်းကြောင်းကိုပြန်ကြည့်ရှုနိုင်တာတို့ကိုပြုလုပ်နိုင်ပါတယ်။

-ဒုတိယအချက်ကတော့ကားတစ်စီးတွင် BLACK BOX တပ်ထားခြင်းဖြင့်မောင်းနှင်နေချိန်သာမကရပ်ထားတဲ့အချိန်မှာပါကားကိုစောင့်ကြည့်ပေးနိုင်ပါသည်။

 -BLACK BOX  အမျိုးစားပေါ်မူတည်၍ PARKING အချိန်တွင် SMART TIME LAPSE MODE ,POWER SAVING PARKING MOOD တို့ပါဝင်ပါတယ်။

Back to blog