သင့်တင့်တဲ့စျေးနှုန်းကောင်းမွန်တဲ့ Quality နဲ့ NAVICAM D3

စျေးနှုန်းလည်းသင့်ရမယ် premium look လည်းရရမယ်ရှိသင့်တဲ့ function ​တွေလည်းစုံတဲ့ Black-Box တစ်လုံးရှာနေတယ်ဆိုရင်တော့ NAVICAM D3 Black-Box ကိုအသုံးပြုဖို့အကြံပေးပါရစေနော်။ NAVICAM D3 က price to performance အလွန်ကောင်းမွန်တဲ့ Black-Box တစ်လုံးဖြစ်တဲ့အပြင် သူ့စျေးတန်းတူအခြား Black-Box တွေမှာမပါဝင်တဲ့ Premium Features နဲ့ Built Quality ကိုရရှိနိုင်ပါတယ်။ဒါကြောင့် Navi Cam D3 ရဲ့ Features တွေကဘယ်လိုရှိတယ် သူရဲ့ Built quality ကရောဘယ်လိုလဲဆိုတာသိချင်ရင်တော့ အောက်မှာအသေးစိတ်ဆက်လက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

MSTAR 8328P + Sony 323 Sensor

Black-Box တစ်လုံးမှာအရေးကြီးဆုံးအရာတွေထဲကတစ်ခုကတော့ CPU CORE ပဲဖြစ်ပါတယ်။ကောင်းမွန်တဲ့ CPU CORE တစ်ခုက Black-Box over-heat ဖြစ်ခြင်းနဲ့ အသုံးပြုရာမှာ ချောချောမွေ့မွေ့ဖြစ်နေအောင်အထောက်အကူပေးနိုင်မှာပါ။NAVICAM D3 Black-Box မှာ MSTAR 8328P + SONY 323 SENSOR ကိုတွဲဖက်အသုံးပြုပေးထားတာကြောင့် ရိုက်ကူးရာမှာ ကောင်းမွန်တဲ့ပုံရိပ်၊ ချော့မွေ့တဲ့ Video မှတ်တမ်းတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။

6 G Camera Lens

Navicam D3 မှာ Front camera Lens ကို Glass 6 ခုထပ်ပြီးအသုံးပြုထားတာကြောင့် ရိုက်ကူးတဲ့နေရာမှာ ရှေ့မြင်ကွင်းကိုပိုမိုကျယ်ပြန့်စွာရိုက်ကူးနိုင်ပါတယ်။ဒါ့အပြင် 12.0 Megapixels ရှိတဲ့တဲ့ ပုံရိပ်တွေကိုရိုက်ကူးနိုင်မှာဖြစ်တာကြောင့် ပုံရိပ်တွေကို detail ကျကျနဲ့ရှင်းရှင်းလင်းလင်းမြင်နိုင်မှာဖြစ်ပါတယ်။

SONY 323 Sensor

Image sensor မှာနာမည်ကြီးတဲ့ SONY company ရဲ့ 323 sensor ကိုအသုံးပြုထားတာကြောင့် Video တွေကို High Dynamic Range ( HDR ) နဲ့ရိုက်ကူးနိုင်ပြီးတော့ HD 1080P resolution ကို 30fps အထိ​ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ( Note:  1080 p resolution at 30 fps = 1080 HD resolution နဲ့ တစ်စက္ကန့်မှာ 30 frames ရှိတဲ့ Video ကိုဆိုလိုခြင်းဖြစ်ပြီး Fps များလေ Video ကြည့်ရတာပို smooth ဖြစ်လေဖြစ်သည်။)

Super Night Vision 

Sony ရဲ့ 323 sensor Super Night Vision က ညအချိန်မှာ ကြည်လင်ရှင်းလင်းပြီး သာမာန် ထက်ပိုမိုလင်းတဲ့ Video ပုံရိပ်တွေရိုက်ကူးရာမှာအထောက်အကူပေးနိုင်ပါတယ်။ ညအခါ Night vision ပါတဲ့ Black-Box နဲ့ မပါတဲ့ Black-Box ရဲ့ပုံရိပ်တွေကိုအောက်မှာယှဥ်ပြထားပါတယ်။

Front 1080 P / Back 720 P

NAVICAM D3 မှာဆိုရင် Front 1080P နဲ့ Back 720 P ကိုရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။သူရဲ့စျေးတန်းမှာ Front 1080 / Back 720 ရနိုင်တဲ့ Black-Box ဆိုတာတော်တော်ရှားပါတယ် ရနိုင်တယ်ဆိုရင်တောင် Front 170 degree အကျယ် နဲ့ Back 120 Degree အထိတောင် Viewing Angle ကျယ်ကျယ်မြင်နိုင်တာကြောင့် NAVICAM D3 ကပိုပြီး ရွေးချယ်စရာဖြစ်စေမှာပါ။

4″ IPS PANEL WITH TOUCH

Video ကို 1080 P နဲ့ရနိုင်တဲ့အပြင်ကိုမှ IPS PANEL နဲ့ Touch Screen ကိုပါထည့်သွင်းပေးထားတာကြောင့် Video တွေကို screen Resolution ကောင်းကောင်းနဲ့ ပြန်ကြည့်လို့ရမယ့်အပြင် Touch Screen နဲ့ Setting တွေကိုအလွယ်တကူအချိန်းအပြောင်းပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

WDR Technology 

NAVICAM D3 မှာ Highlighted အဖြစ်ဆုံးကတော့ HDR အပြင် WDR ( wide dynamic range )ဆိုတဲ့ Technology ကိုအသုံးပြုပေးထားတာပါ။​နေသာတဲ့အချိန် camera မှာ glare ဝင်ပြီးအလင်းစူးတာမျိုးတွေ အလင်းရှေ့မှာ တစ်ခုခုခံနေလို့ against light ဖြစ်ပြီးမဲနေတာတွေကို မြင်ဖူးကြမှာပါ။ D3 ရဲ့ WDR Technology ကဒီပြဿနာတွေအကုန်လုံးကိုဖြေရှင်းပေးနိုင်ပြီးတော့ အပြင်ကပုံစံအတိုင်း Realistic ဆန်တဲ့ ပုံရိပ်တွေကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

Metal Surface

Navicam D3 ရဲ့ ဘေး Frame နဲ့ Case ကို ခိုင်မာတဲ့ Metal နဲ့ပြုလုပ်ထားတာကြောင့် မတော်တဆမှုဖြစ်ပွားခဲ့တဲ့အခါ အပြင်ပိုင်းရောအတွင်းပိုင်းပါ ထိခိုက်မှုမရှိပဲအကြမ်းခံနိုင်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

ADAS TRACK DEPERTUREWARNING

FCWS – Forward Collision Warning System  ဆိုတာကတော့ Black-Box မှာပါဝင်တဲ့  Sensor က မိမိကားနဲ့အရှေ့က ကားအကွာအဝေးကိုသိရှိနိုင်ပြီးတော့ သူသတ်မှတ်ထားတဲ့ 12 မီတာအကွာထက်ကျော်လွန်ပြီးနီးကပ်လာခဲ့ရင် ရှေ့ကားနဲ့ကပ်နေပြီးဖြစ်ကြောင်း alarm သံပေါ်ပြီးသတိပေးမှာပါ။
LDWS – Lane Departure Warning System အတွက် Gps ချိတ်ဆက်ထားဖို့လိုအပ်ပြီးတော့ ကားလမ်းပြောင်းပြန်ဖြစ်သွားတာနဲ့ system က detect ဖြစ်ပြီးတော့ driver ကို alarm သံနဲ့သတိပေးမှာဖြစ်ပါတယ်။

Cycle Recording

Cycle Recording Function မှာဆိုရင်တော့ အရင် Old file တွေကိုအလိုအလျောက်ဖျက်ပေးပြီး locked လုပ်ထားတဲ့အရေးကြီး data တွေကိုတော့ ချန်ထားခဲ့ပေးမှာဖြစ်ပါတယ်။ဒါကြောင့် SD Card full ဖြစ်လို့ ခဏခဏ format လုပ်စရာမလိုတော့တာကြောင့်အလုပ်ရှုပ်လည်းသက်သာသွားမှာပါ။

Motion Detect 

ကားရပ်ထားပြီး Black-box ဖွင့်ထားတဲ့အချိန်မှာ Black-box မှာပါဝင်တဲ့ Sensor က ကားရှေ့မှာ တစ်ခုခုဖြတ်သွားတာနဲ့ ​auto detect ဖြစ်ပြီးတော့ record လုပ်ထားပေးမှာဖြစ်တာကြောင့်သင်မရှိတဲ့အချိန်သင့်ကားကို စိတ်ချလက်ချရပ်ထားနိုင်မှာပဲဖြစ်ပါတယ်။

G-Sensor

G-sensor(Gravity Sensor) ကတော့ သင့်ကားကိုမတော်တဆမှုလိုမျိုးပြင်ပအရာတစ်ခုခုနဲ့ထိခိုက်မိသွားခဲ့ရင် Black-Box ရဲ့ G-Sensor ကအလိုအလျောက်သိပြီးတော့ အဖြစ်အပျက်ကိုမှတ်တမ်းတင်ထားနိုင်ရုံသာမက အဖြစ်အပျက်ရဲ့သက်သေအဖြစ်သတ်မှတ်ပြီး Lock လုပ်ထားမှာဖြစ်ပါတယ်။ဒါကြောင့် memory overwrite/format လုပ်တဲ့အခါလည်းပါဝင်သွားမှာမဟုတ်ပါဘူး။

Back to blog