သင့်ကားအတွက် Black-Box တစ်လုံးကိုမှန်မှန်ကန်ကန်ဘယ်လိုရွေးချယ်ကြမလဲ?

ရန်ကုန်မြို့ပေါ်မှာကားတွေများလာတာနဲ့အမျှမတော်တဆမှုဆိုတာလည်း ယာဥ်မောင်းတွေရဲ့လက်တစ်ကမ်းမှာအမြဲရှိနေပါတယ်။တစ်ခါတလေစည်းကမ်းမဲ့မောင်းနှင်သူတွေကြောင့်မတော်တဆမှုဖြစ်ပြီး အငြင်းပွားရတဲ့အခါကိုယ့်ဘက်ကမှန်နေရင်တောင် ဘာမှလက်ဆုပ်လက်ကိုင်ပြစရာမရှိပဲအောင့်သက်သက်နဲ့ခံလိုက်ရတဲ့အဖြစ်မျိုးမြင်ဖူးတွေ့ဖူးကြမှာပါ။ဒီလိုအဖြစ်မျိုးတွေကိုရှောင်ရှားဖို့အတွက် Black-Box ကောင်းကောင်းတစ်လုံးဟာ အရေးပါလာပြီး ကားတိုင်းမှာလိုအပ်လာပါတယ်။ဒါကြောင့် ကားမှာ Black-Box တစ်လုံးတပ်တော့မယ်လို့စဥ်းစားထားရင် ကိုယ့်အတွက် ဘယ်လို Black-Box ကသင့်တော်မယ်ဆိုတာ စဥ်းစားရမယ့်အချက်လေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Black-Box ဆိုတာဘာလဲ?

Black-Box ဆိုတာကားရဲ့ vehicle’s Event Data Recorder  တစ်မျိုးဖြစ်ပြီးတော့ ကားမောင်းနေတဲ့တစ်လျှောက်လုံးဖြစ်ပျက်သမျှ တွေကိုတောက်လျှောက် မှတ်တမ်းတင်ပေးနေမှာပဲဖြစ်ပါတယ်။

ဘယ်အချက်တွေကိုကြည့်ပြီးရွေးချယ်ကြမလဲ?

1.Video Quality (ဗီဒီယို အရည်အသွေး) 

Black-Box ရွေးတော့မယ်ဆိုရင် အဓိကအရေးကြီးဆုံးကြည့်ရမှာကတော့ Black-Box ရဲ့ ပုံရိပ်အရည်အသွေးပဲဖြစ်ပါတယ်။ ကိုယ်ရွေးချယ်မယ့်

Black-Box တစ်လုံးဟာအနည်းဆုံးရှေ့ကင်မရာ 1080 P ရှိရမှာဖြစ်ပြီးတော့ နောက်ကင်မရာမှာအနည်းဆုံး 720 P ပုံရိပ်အရည်အသွေးရှိရမှာဖြစ်ပါတယ်။ဒါမှပဲ အရေးကြီးတဲ့ Number plate လိုနေရာမျိုးတွေကိုရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားမြင်နိုင်မှာပဲဖြစ်ပါတယ်။

 

2.Frame Per Second ( FPS )

Black-Box တစ်လုံးဟာ အနည်းဆုံး ရှေ့ရောနောက်ရော 30 FPS ရှိရပါမယ်။30 FPS ထက်နိမ့်တဲ့ Black-Box တွေဟာ ဘယ်လိုမှ ကားမောင်းနေရင်းအဆင်ပြေပြေ ရိုက်ကူးနိုင်မှာမဟုတ်ပါဘူး။ Black-Box တွေဟာ ကားမောင်းနေရင်ရိုက်ကူးဖို့အတွက် Design လုပ်ထားတာကြောင့် FPS အနည်းဆုံး 30 ရှိတဲ့ Black-Box တွေသာအဆင်ပြေပါလိမ့်မယ်။ဒီနေရာမှာ FPS နံပါတ်များလေ ပိုကောင်းလေ လို့သတ်မှတ်နိုင်ပါတယ်။

 

3.Night Vision

အကယ်၍ သင်ဟာညအချိန်တွေ မောင်းနှင်တဲ့အခါ Night Vision ပါတဲ့ Black-Box ကပဲသင့်အတွက်ရွေးချယ်စရာဖြစ်စေမှာပါ။Night Vision ပါမှပဲ သင့်

Black-Box ဟာညအချိန်မှာ Video တွေကို လင်းလင်းထင်းထင်းနဲ့ ပြတ်သားစွာရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။

 

4.Viewing Angle (မြင်ကွင်းကျယ်)

Black-Box တစ်လုံးကိုရွေးချယ်ဖို့အတွက် Viewing Angle ကျယ်မကျယ် ဆိုတာလည်းအဓိကထည့်သွင်းစဥ်းစားရမယ့်အချက်ထဲမှာပါဝင်နေပါတယ်။ကျွန်တော်တို့ လူတွေရဲ့မျက်လုံးဟာ 140° အကျယ်ရှိပါတယ်။ဒါကြောင့် Black-Box တစ်လုံးဟာ လူရဲ့မျက်လုံးနီးပါးအကျယ်နဲ့ ကားအရှေ့နဲ့အနောက်ကိုဖုံးလွမ်းပြီးမြင်ရဖို့အတွက် အနည်းဆုံး 120° လောက်တော့ရှိဖို့လိုပါတယ်။မြင်ရတဲ့ ဒီဂရီများလေ ကောင်းလေဖြစ်ပြီးတော့အစွန်းဘက် ဘေးဘောင်တွေပွန်းမိ တိုက်မိတဲ့အခါ ဒီဂရီများတဲ့ Black-Box တွေက ကျယ်ကျယ်မြင်ရတာကြောင့် Record Evidence ပိုရနိုင်ပါတယ်။

 

5.Parking Mode And G Sensor 

Black-Box တစ်လုံးဟာ ကားမောင်းနေစဥ်ပဲကားကို Record လုပ်ပေးလို့မရပါဘူး ကားရပ်ထားရင်လဲကားကို Record လုပ်ပေးနေဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ကားရပ်ထားတဲ့အချိန် ကားအနားကို မသမာသူတွေရန်က ကာကွယ်ဖို့အတွ​က် Parking mode Function ပါတဲ့အချက်ကိုထည့်သွင်းစဥ်းစားရပါမယ်။ဒါ့အပြင် ကားမောင်းနေရင်းအချိန်ဖြစ်စေရပ်ထားတဲ့အချိန်ဖြစ်စေ ကားကို ကတစ်စုံတစ်ခု ထိခိုက်ခဲ့ရင်သိနိုင်အောင် G-Sensor ပါတဲ့ Black-Box တွေကိုရွေးချယ်သင့်ပါတယ်။ 

 

6.Reliability and Durability

Function တွေစုံတာတော့ဟုတ်ပါပြီ တကယ်တမ်းလက်တွေ့မှာ Black-Box တစ်လုံးဟာ ရေရှည်မှာအသုံးခံနိုင်မလားဘယ်လောက်ထိအကြမ်းခံနိုင်လဲဆိုတာကိုလည်းစဥ်းစားဖို့လိုပါတယ်။

အပြင်ပန်းကြည့်ရင်မခွဲနိုင်ပေမယ့် မိမိ ဝယ်ယူမယ့် Black-Box ဟာ ဘယ်လောက်ထိအာမခံပေးနိုင်လဲ ၊ Brand ခိုင်မာမှုရောရှိရဲ့လားဆိုတာနဲ့ အလွယ်ကူဆုံးစဥ်းစားလို့ရနိုင်ပါတယ်။

 

ဒါကြောင့် မိမိကားမှာ Black-Box တပ်ဆင်ဖို့စဥ်းစားနေတယ်ဆိုရင်တော့ အရည်အသွေးနဲ့ အာမခံကောင်းမွန်ပြီး Brand ခိုင်မာမှုလည်းရှိတဲ့ Korea နိုင်ငံရဲ့ No.1 ရောင်းအားအကောင်းဆုံး Findvu Black-Box တွေကိုရွေးချယ်ခြင်းက သင့်ကိုသာမာန် Black-Box တစ်လုံးထက်ပိုတဲ့စိတ်ကျေနပ်မှုနဲ့ လုံခြုံမှုကိုပေးစွမ်းနိုင်မယ်ဆိုတာအာမခံပါတယ်။

Back to blog