ဘော်ဒီဖလင် (PPF)နဲ့ ပတ်သက်ပြီး အမေးများသော မေးခွန်းများ

(၁)ပြန်ခွာတဲ့အခါ ကားမှာအဝါညစ်ရောင်များ ကျန်ခဲ့နိုင်လား?

လူအများဝေဝါးနေသော အချက်ဖြစ်ပါတယ်။အမှန်တကယ်အားဖြင့် PPF သည် ပလက်စတစ်အမျိုးအစားဖြစ်လို့ ဝါခြင်းကိုတော့ ရှောင်လွှဲလို့မရနိုင်ပါ။ဝါခြင်း မဝါခြင်းက ဆေးသားအပေါ် ကာကွယ်နိုင်စွမ်းကို စိုးစိတ်မျှ ထိခိုက်မှု မရှိတာကိုလည်း သိထားသင့်ပါတယ်။ ပလစ်စတစ်မှာသာ ဝါလာခြင်းဖြစ်ပြီး ပြန်ခွာတဲ့အခါ ကားမှာ အဝါညစ်ရောင်များ ထင်ကျန်ခဲ့ခြင်း လုံးဝမဟုတ်ပါ။
အသုံးပြုပုံ၊ အရည်အသွေးပေါ်မူတည်ပြီး အချိန်ခဏလေးနဲ့ ဝါခြင်း၊ အချိန်ကြာမှ ဝါခြင်းသာ ကွာခြားပါတယ်။အချိန်ကြာလာတာနဲ့ မဝါသော PPF ရယ်လို့မရှိဘဲ warranty ကာလ (၆)လ အလိုမှာ ဝါခြင်း လက္ခဏာများ မြင်တွေ့ရတတ်ပါတယ်။

(၂)ပြန်ခွာတဲ့အခါ ဆေးသားများပါ ကွာလာနိုင်လား?

ဒီနေရာမှာ မိတ်ဆွေ သတိချပ်သင့်ပါတယ်။သင့်ကားက တခါမှ ဆေးပြန်မမှုတ်ဖူးသော Original ဆေးသားလား? ပြန်ပြုပြင်ထားရတဲ့ အစိတ်အပိုင်းရှိနေလား?။ PPF ကပ်လို့ ကားဘော်ဒီပေါ် Coatထားတဲ့ ကော်သားရဲ့ ကပ်အားသည် ပြန်ပြုပြင်ထားတဲ့ဆေးသားရဲ့ ဘော်ဒီပေါ်ကပ်အားထက် ပို Strong ဖြစ်တာကြောင့် ပြန်ခွာလိုက်တဲ့အခါ ဆေးသားများကပ်ပါလာနိုင်ပါတယ်။သင့်ကားရဲ့ Original ဆေးသားကို အပြည့်အဝ ကာကွယ်ထားချင်ရင်တော့ PPF က အကောင်းဆုံး ရွေးချယ်မှုပါပဲ။

(၃) အရည်အသွေးမပြည့်မီတဲ့ PPF ကပ်မိရင် ဘာဖြစ်လာနိုင်သလဲ?

မိတ်ဆွေအနေနဲ့ သေချာကရုစိုက်သင့်ပါတယ်။ရောင်းသူပါးစပ်ထဲမှာသာရှိသော warranty ကိုကြည့်ပြီး အရည်အသွေးကို ထည့်စဉ်းစားဖို့ မမေ့ထားပါနဲ့။ငွေကုန်သလောက် အကျိုးထူးရဖို့သာ အဓိကပါပဲ။အရည်အသွေးနိမ့်ကို ရွေးချယ်မိတဲ့အခါ
အချိန်ကြာလာတာနဲ့ အက်ကွဲကြောင်းရာများနဲ့ ရုပ်ဆိုးလာမယ်။
ကော်သားများ ကပ်မှုမရှိ လေများခိုကာ ‌ဖောင်းကြွရာများဖြစ်လာနိုင်တယ်။
PPF သည်အလွှာများနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ အလွှာလေးများ ကွာလာနိုင်တယ်။ဆေးသားကို ပြည့်ဝစွာ ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။

(၄)ဘယ်အမျိုးအစားက စိတ်အချရဆုံး ‌ရွေးချယ်မှု ဖြစ်မလဲ?

PPF လို့ပြောလိုက်တာနဲ့ ဘယ်အမျိုးအစားနဲ့ လုပ်ထားလဲဆိုတာ အရင်စမ်းစစ်သင့်ပါတယ်။ PPF မှာ PVC , TPH & TPU ဆိုပြီး (၃မျိုး)ရှိပါသည်။ ဒီထဲကမှ PVC & TPU အကြောင်း နဲ့ ကွာခြားချက်ကိုရှင်းပြပေးပါရစေ။
– PVC ဆိုတာက (Polyvinyl Chloride) နှင့် ဖွဲစည်းပြုလုပ်ထားပြီး PPF ရဲ့ first generation ဆိုလည်းမမှားပါဘူး။ဒါပေမယ့် PVC(PPF) မှာ အားနည်းချက်တွေရှိလာပါတယ်၊ဘယ်လိုမျိုးတွေလဲဆိုတော့ ကားကို PVC(PPF)နဲ့ကပ်ရတဲ့နေရာမှာအရမ်းကိုခက်ခဲပြီး တခြားအကူပစ္စည်းများဖြစ်သည့် (Heat Gun) တို့ဖြင့်အချိန်ကြာမြင့်စွာ install လုပ်ရပါတယ် နောက်ပြီး PVC စတေကာသည် ထူပြီးမာကျောသောကြောင့် ကားဘန်မာ နှင့် အနားသတ်များတွင် ဖြတ်ရာဆက်ရာများပါရှိပြီးအနားသတ်ကုပ်မရတာတို့ ဖြစ်လာတယ်။

TPU ဆိုတာကတော့ (Thermoplastic Polyurethane) physical strong & elasticity တို့ဖြင့်ဖွဲစည်းပြုလုပ်ထားတယ်။
– TPU သည် သာမန် PPF(PVC) ပစ္စည်းထက်ပျော့ပြောင်းခြင်း၊မတူညီသော chemicalများ/ကော်များဖြင့် ဖွဲ့စည်းထားသောကြောင့် အရောင်မကျခြင်း၊မဝါအောင်ကြာရှည်ထိန်းသိမ်းနိုင်ခြင်း၊ကပ်အားစွဲအားကောင်းခြင်း နှင့် အလွယ်တကူပြန်ခွာနိုင်ခြင်းတို့ဖြစ်ပါတယ်။

TPH&TPU ကိုသာ ရွေးချယ်ဖို့ အကြံပြုပေးချင်ပါတယ်။မိမိကိုယ်တိုင် စမ်းစစ်နိုင်ပြီး ကုန်ကျသလောက် အကျိုးထူးရစေဖဖို့ မှန်ကန်စွာရွေးချယ်နိုင်ကြပါစေ။

(၅) US AUTO အနေနဲ့ရော PPF ကပ်ဖို့ ယုံကြည်ရနိုင်ပါသလား?

ဒါကတော့ မိမိတို့ရဲ့ မှန်ကန်မှုနဲ့ မိတ်ဆွေရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။
US AUTO ကတော့
နံပါတ်(၁) အာမခံချက် အပြည့်အဝရှိတယ်။
နံပါတ်(၂) PPF မှာဆို updateအဖြစ်ဆုံး အမျိုးအစား TPU နဲ့ ဒုတိယ ယုံကြည်ရဆုံး TPH ဒီ(၂)မျိုးကိုသာ ရောင်းချတယ်။
နံပါတ်(၃) ဈေးနှုန်းမှန်ကန်ပြီး ကျွမ်းကျင်ပညာရှင်များနဲ့ လက်ရာသေသပ်စွာ ကပ်ပေးတယ်။

(၆) ဘယ်လိုအာမခံချက်တွေ ရှိလဲ?

အာမခံချက်အပြည့်ပေးသလို မိတ်ဆွေအနေနဲ့ သတိပြုစရာ အချက်များကိုလည်း လိုက်နာသင့်ပါတယ်။

ဘော်ဒီဖလင်အတွက် သတိပြုရန် အချက်များ
——————-
၁။ ဘော်ဒီဖလင်ကပ်ပြီး (၇)ရက်အတွင်း ကားရေဆေးခြင်း မပြုလုပ်ရန်။
၂။ရေခိုးရေငွေ့နဲ့ ရေပူဖောင်းများကျန်နိုင်ပြီး ရက်အနည်းငယ်ကြာ ‌ပျောက်မှာ ဖြစ်ပါတယ်။
၃။ဘော်ဒီဖလင် ကပ်ပြီး (၁၀)ရက်မြောက်နေ့မှာ ပြန်လည်စစ်ဆေးဖို့ လာရောက်ပြီး လိုအပ်ချက်များရှိပါက ပြုလုပ်ပါရန်။
၄။Online Warranty System ဖြစ်ပြီး အာမခံရရှိဖို့ ဘောင်ချာသိမ်းထားရန် (မဖြစ်မနေ) မလိုအပ်ပါ။
၅။ဘော်ဒီဖလင် ကပ်ရာတွင် လေလုံခန်းမှာ ဖုန်မှုန်များမပါအောင်ကြိုးစားကပ်ပါသော်လည်း ရှောင်လွှဲလို့မရတဲ့ ဖုန်မှုန့်အနည်းငယ်ပါနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။

ဘော်ဒီဖလင်အတွက် အာမခံချက်များ
——————–
၁။ပူ‌ဖောင်းများဖြစ်ခြင်း၊အက်ကွဲကြောင်းရာများဖြစ်ခြင်း၊အလွှာများကွာခြင်းတို့ မဖြစ်အောင် အာမခံချက်အပြည့်ရှိတယ်။
၂။Origianl ဆေးသားနေရာကိုသာ အာမခံချက်ပေးပြီး ကားရဲ့ ဆေးသားအားလုံးအတွက် လုံးဝ(လုံးဝ) မဟုတ်ပါ။
၃။သုံးစွဲသူ အသုံးပြုမှုနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းချက်များကြောင့် ဖြစ်တဲ့ ကိစ္စရပ်များက အာမခံနဲ့ အကြုံးဝင်မှု မရှိပါ။

မိတ်ဆွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ မှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်ပြီး အကောင်းဆုံးတွေသာ ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျ။

Back to blog