ကားမှာ PPF ကပ်ရင်ဘာအကျိုးကျေးဇူးတွေရနိုင်လဲ?

🚗 ကားပိုင်ရှင်တွေအနေနဲ့ PPF ဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့ ကားဆေးသားကိုအကာအကွယ်ပေးတဲ့ အရာဆိုတာတော့အကြမ်းဖျင်းသိထားကြမှာပါ။ဒါပေမယ့် တော်တော်များများ မေးတတ်တဲ့မေးခွန်းတွေက PPF ကပ်ရင် ဘာတွေဖြစ်မှာလဲဘယ်လိုအကျိုးကျေးဇူးတွေရမှာလဲ ဆိုတာကိုအသေးစိတ်သိချင်ကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ PPF ကပ်ရင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တယ် ဆိုတာအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။

1. Car ပြန်ရောင်းရင်စျေးကောင်းရနိုင်တယ်။

ကားအသစ်ဝယ်ပြီးလို့ အသုံးပြုပြီးပြန်ရောင်းရင်စျေးကတော့ လျော့မယ်ဆိုတာအကုန်လုံးသိပြီးသားဖြစ်မှာပါ။ဒါပေမယ့် PPF ကပ်တာက ကားဆေးသားကိုထိန်းသိမ်းပေးတာဖြစ်တဲ့အတွက်ကြောင့် အပွန်းရာ အစင်းရာ တစ်ခုမှရှိနေမှာမဟုတ်တဲ့အပြင် ဝယ်တုန်းက Original ဆေးသားအတိုင်း 100% ကျန်တဲ့အတွက်ကြောင့် ပြန်ရောင်းတဲ့အခါ စျေးကောင်းရနိုင်မှာတော့အသေအချာပါပဲနော်။

2.ကားကိုနဂိုထက်ပိုမိုတောက်ပေစေမယ်။

ကားကို စီးတာနှစ်တွေကြာတာတောင် ဆေးသားကိုဝယ်စတုန်းကအတိုင်း သစ်လွင်တောက်ပစေတာ PPF ပဲဖြစ်ပါတယ်။ဒါ့အပြင် ကပ်ပြီးသွားရင်လည်းကားကိုနဂိုကထက်ပိုမို သစ်လွင်တောက်ပနေစေပြီးတော့ကြာလို့ ကားအရောင်မှိန်တာမျိုးတွေလည်းဖြစ်လာမှာမဟုတ်တော့ပါဘူး။

3.ကားဆေးသားကို ထိခိုက်ခြင်းမှကာကွယ်နိုင်မယ်။

ခဲ ၊ ငှက်ချေး ၊ ကတ္တရာစေး ၊ သစ်စေး ၊ ခရမ်းလွန်ရောင်ခြည် စတဲ့ ​ပြင်ပအရာတွေဟာ ဘယ်လိုမှရှောင်လွှဲလို့မရတဲ့ ပြသနာတွေဖြစ်ပြီးတော့ ကြာလာရင်ကားဆေးသားကို အလွန်ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်မိမိက ကားအသစ်ဝယ်ထားတယ် ဒါမှမဟုတ် လက်ရှိဆေးသားကို ထိန်းသိမ်းချင်တယ်ဆိုရင်တော့ PPF ကပ်တာကအကောင်းဆုံးဖြစ်စေမှာပါ။

4. ကားသန့်ရှင်းရေးလုပ်ရတာပိုမိုလွယ်ကူစေမယ်။

PPF ဟာ ရေ နဲ့ဖုန်ကို original ဆေးသားလောက်မတင်စေနိုင်တဲ့အပြင် ကားကိုသန့်ရှင်းရေးလုပ်တဲ့အခါ ​အများကြီးအလုပ်ရှုပ်မရာမလိုတော့ပဲ အဝတ်တစ်ထည်တည်းနဲ့တင် ကားကိုသန့်ရှင်းရေးလုပ်သွားနိုင်မှာပဲဖြစ်ပါတယ်။

သင့်ကားကို PPF ကပ်ဖို့စဥ်းစားနေတယ် စျေးသင့်တင့်ပြီးတော့ အကောင်ဆုံးနဲ့ စိတ်အချရဆုံး Service ကိုလိုချင်တယ်ဆိုရင်တော့ US AUTO မှာ ရှိတဲ့ RAYMAX PPF တွေကို ၈ နှစ်တာအတွေ့အကြုံရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေက​နေ ဦးဆောင်ပြီးဝန်ဆောင်မှုပေးနေပါပြီ။ ဒါကြောင့် ​စျေးနှုန်းသင့်တင့်ပြီး အကောင်းဆုံးနဲ့ စိတ်အချရဆုံး RAYMAX PPF တွေကို အောက်ပါ လိပ်စာတွေကနေတစ်ဆင့် လာရောက်ပြီး အခုပဲကပ်လိုက်တော့နော် ( ဒါနဲ့အချိန်မရတဲ့ Customer တွေအတွက်လည်း ကားကိုအိမ်အထိလာယူပေးပြီး ပြန်လည်းပို့ပေးတဲ့ Service လည်း US AUTO မှာရနေပြီနော် ။

Back to blog